ပလက်ဖေါင်းပေါ်က အချစ်များ ရေးသားသူ – ကမ္ဘာကျော်ရတနာ၀င်းထိန် “လာပြီ….လာပြီ…ပြေး…ပြေး…” ပလက်ဖေါင်း ဈေးတန်းကလေး တစ်ခုလုံး အမှိုက်ပုံ လေး လေဝှေ့ခံလိုက်ရသည့်အလား ဖယိုဖရဲ ပြေးလွှားကြသည်။ အလကားနေရင်းလည်း လာပြီ.. လာပြီ… ပြေး… ပြေး…. အော်တတ်သော နာရီအဟောင်း ရောင်းဝယ်သည့် အာရောဂျံဆီသို့ မျက်လုံးက ရောက်ဖြစ်၏။ “အာရာဖတ်… ဘာငေးနေတာလဲ… တကယ်လာတာ..” ဈေးဘန်းခြင်း ကပ်ရက်မှ.. လက်သုတ်ပုဝါ ၊ လက်ကိုင်ပုဝါ ၊ မျက်နှာသုတ်ပုဝါ အထုပ်ကြီး မနိုင်မနင်း မရင်း… မရွှေအေး မျက်လုံးပြူး မျက်ဆံပြူး အော်သည်။ ဒီတော့… အာရာဖတ်.. ဒေါင့်လေးဒေါင့်တွင် စတိချည်နှောင်ထားသော ပလပ်စတစ်ကြိုးကို ဆွဲပြီး အရေးပေါ် ထွက်ပေါက်အဖြစ် သတ်မှတ်ထားသော ငါးထပ်တိုက်ကြီးပေါ်သို့ ပြေးတက်သည်။ ပလပ်စတစ် ရွက်ဖျင်ထဲမှ နိုင်ငံခြားဖြစ် ကလေးကစားစရာများက လုံးထွေး ရှုပ်ပွလျက် လှေခါး ပေါက်လေးနှင့် မဆန့်မပြဲ ဒရွတ်တိုက်ကြီး ပါလာသည်။ “ဟိုက်…အင့်” “အမေ့…အိုး” “ဒလုံ….ဂွမ်….ဂွပ်” အမောတကော ပြေးတက်လာသော အာရာဖတ်နှင့် ရင်ချင်းအပ်လျက် အိကနဲ ဝင်ဆောင့်ပါလေသော မိန်းကလေးတစ်ယောက်က တစ်ဆစ်ချိုး လှေခါးရင်းမှာ ပုံလျက်သား….. “နင့်..မျက်လုံး…ကန်းနေလားဟင်…ကုလား…” အာရာဖတ်က ကုလားကပြာ...
- Get link
- X
- Other Apps